မြောက်ဥက္ကလာပ နို၀င်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော မိုးရာသီ အခြေခံအလေးမ၊ တိုက်ကွမ်ဒို၊ မြန်မာသိုင်း၊ Fitness Dance အားကစားသင်တန်းဆင်းပွဲကို ယမန့်နေ နေ့လယ် ၁ နာရီအချိန် ပညာလင်္ကာရမဏ္ဍိုင်ဘုန်းတော်ကြီးစာသင်ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ပညာလင်္ကာရမဏ္ဍိုင်ဘုန်းတော်ကြီးစာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "မြန်မာအားကစား ကမ္ဘာ့ကိုလွှမ်းစေရမည်"သီချင်းဖြင့် သီဆိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မိုးရာသီအခြေခံ အလေးမ၊ တိုက်ကွမ်ဒို၊ မြန်မာသိုင်း၊ Fitness Dance အားကစားသင်တန်း နည်းပြများဂုဏ်ပြုလက်ဆောင်နှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို တာ၀န်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် မိုးရာသီအခြေခံအလေးမ၊ တိုက်ကွမ်ဒို၊ မြန်မာသိုင်း၊ Fitness Dance အားကစားသင်တန်း တက်ရောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူလေးများက သရုပ်ပြသခဲ့ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အလေးမဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကစားမှူး၊ ပညာလင်္ကာရမဏ္ဍိုင်ဘုန်းတော်ကြီးစာသင်ကျောင်းဆရာတော်ကြီး၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)