မိတ္ထီလာ နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုအင်ဂျင်နီယာသင်တန်းများကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲကြိုအင်ဂျင်နီယာသင်တန်းများကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါ နည်းပညာတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယပါမောက္ခချုပ်နှင့် သက်ဆိုင်ရာဘာသာရပ် ဌာနမှူးများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီး ပထမနှစ်အတွက် သင်ကြားရမည့် ဘာသာရပ်များ၊ သင်ကြားပို့ချမည့် ဌာနမှူးများနှင့် မိတ်ဆက်ပေးပြီး ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)