ညောင်ဦး နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့်အကျဉ်းသူတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ဦးအကျဉ်းထောင်ဝင်းရှိ ဓမ္မာရုံ၌ပြုလုပ်ခဲ့ကြောင်း သိရဿည်။
ဦးစွာ ညောင်ဦးခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညို၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အေးမင်းစိုးတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများကို ဆုံးမဩဝါဒစကားပြောကြားပြီး၊ ညောင်ဦးအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးဝင်းဇော်မင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ရက်စွဲပါစာအမှတ် ၁၁/၂၀၂၅ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်အရကျင့် ၄၀၁(၁)ဖြင့်(ခ)ထောင်(ညဥ)တွင် ရာဇသတ်ကြီး ပုဒ်မ -၅၀၅-အရ အကျဉ်းသား ၁၀ ဦး၊ အကျဉ်းသူ ၅ ဦး၊ စုစုပေါင်း ၁၅ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖတ်ကြားကာ တာဝန်ရှိသူများက လွတ်မြောက်ခွင့်ရရှိသူများအား ခရီးစရိတ်နှင့်ခံစားခွင့်တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း