အင်းစိန်မြို့နယ် တညင်းကုန်းလက်ကားစျေးအတွင်းရှိ စျေးဆိုင်ခန်းတစ်ခန်း မီးလောင်မှု ဖြစ်ပွား

အင်းစိန် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်၊ တညင်းကုန်းလက်ကားစျေး၊ စျေးရုံးအမှတ် (၃) တွင်းရှိ စျေးဆိုင်ခန်းတစ်ခန်းသည် ယမန်နေ့ည ၈ နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါစျေးဆိုင်ခန်းမီးလောင်မှုအား အင်းစိန်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်စဥ်မှာ ဘထ္ထရီအင်ဗက်တာမှ မီးခုံသို့ ဆက်သွယ်ထားသော ဝါယာကြိုး Losse ဖြစ်၍ မီးပွားထွက်ရာမှအနီးရှိ စားဆီနှင့် စာသုံးကုန်ပစ္စည်းများသို့ မီးကူးစက်ရာမှ မီးစတင်လောင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်စဥ်တွင် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)