တောင်ဥက္ကလာပမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိ

တေင်ဥက္ကလာပ နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မဲဆန္ဒပြုခန်းတွင် ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအနေဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားမူရင်းယူဆောင်၍ မဲလက်မှတ်ပါရှိမှုများကို စိစစ်၍ မှန်ကန်ပါက လျှို့ဝှက်ဆန္ဒပြုခန်းအတွင်း မိမိကြိုက်နှစ်သက်ရာ ပါတီအသီးသီးအား ကြိုတင်ဆန္ဒမဲစတင်ပေးလျက်ရှိသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် ကြိုတင်မဲပေးနေမှုအဆင့်ဆင့်အား မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြား ကူညီပေးခဲ့သည်။

ထို့သို့ ယာယီနေရပ်စွန့်ခွာနေထိုင်သူများ ကြိုတင်ဆန္ဒမဲလာရောက်ပေးနှံမှုကို (၂၅.၁၁.၂၀၂၅)ရက်နေ့မှ (၂၉.၁၁.၂၀၂၅)အထိ နေ့စဥ် နံနက် (၀၉:၃၀)အချိန်မှ ညနေ (၁၆:၃၀)အချိန်ထိ လာရောက် ​ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ပြန်/ဆက်)