လမ်းမတော် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နီနီအေး ဦးဆောင်သော ကျန်းမာရေးဝန်းများမှ အသက်(၄၀)နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအား Beyond The TB အကြောင်းနှင့် ထမင်းတစ်ပန်းကန်စားသုံးနည်းအကြောင်း၊ အစာအုပ်စုများအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ Chair exercise ပြုလုပ်ခြင်း၊ လိုအပ်သည့် စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းနှင့် NCD ဆေးဝါးများအခမဲ့ပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများခံယူစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လိုအပ်သည်များကို ပူပေါင်းကူညီပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)