ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ရေဆင်းစပ်မျိုးနေကြာ (၁) အား မျိုးစေ့ချစက်ဖြင့် လက်တွေ့စိုက်ပျိုးပြသပေးခြင်းနှင့် နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဖြူကျေးရွာအုပ်စုရှိ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ဧက (၁၅၀) တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်၊ မှော်ဘီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူနှင့် မြို့နယ်တာဝန်ရှိသူများက ဒေသခံတောင်သူများထံသို့ နွေစပါးမျိုးစေ့ချကိရိယာ(Drum Seeder)၊ ဓါတ်မြေသြဇာနှင့် ပျားပုံးများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်တာဝန်ရှိသူများက ဒေသခံတောင်သူများအား နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးနေမှုအ ခြေအနေများနှင့် ရေဆင်းစပ်မျိုး ဆောင်းသီးနှံ (နေကြာ) ကို မျိုးစေ့ချစက်ဖြင့် လက်တွေစိုက်ပျိုးပြသပေးနေမှုအခြေအနေများအား တိုင်းဒေသကြီးနှင့်ခရိုင်တာဝန်ရှိသူများက လှည်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)