သုံးခွ နိုဝင်ဘာ ၂၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မဲစာရင်းများ ကပ်ထားကြေညာနေမှုကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် မြို့ပေါ် (၁၂)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၆၄) အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံ (၁၃၄)ရုံ လျာထားကြောင်း သိရသည်။ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ရပ်/ကျေး ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
မဲစာရင်းများ ကပ်ထားကြေညာသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)