ကျောက်တန်း နို၀င်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၆/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ်၊ ကမာကလုတ်ကျေးရွာ၊ ကပ္ပပဿဒ္ဓိစောမုနိဓမ္မာရုံ၌ နို၀င်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးမြင့်ကျော်မှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းကို ဖိတ်ကြားထားသူများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ စုစုပေါင်း အင်အား ၁၂၀ ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းသားများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် နို၀င်ဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့ထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
နေလင်းကျော်(ပြန်/ဆက်)