စမ်းချောင်း နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြိုတင်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ခွင့်ပြုသတ်မှတ်ထားရှိပြီး၊ ယာယီနေရပ်စွန့်ခွာသူကြိုတင်မဲ (၉၅) စောင်အနက်မှ (၆၀) စောင်အား ကြိုတင်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ကျန် (၃၅) စောင်အား သတ်မှတ်ရက်အတွင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရက်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)