ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေဆယ်ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ထိန်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူလူထုအား မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြခြင်းနှင့်၊ စက်သုံးဆီဆိုင်များအား မီးဘေး လုံခြုံရေးအတွက်ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ဆောင်ရွက်ခဲ့သည်။
ယင်းဟောပြောသရုပ်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး၊ မီးငြှိမ်းသတ်ရေးစနစ်များ တပ်ဆင်ထားရှိမှုများအား စစ်ဆေးအကြံပေးခြင်းနှင့် မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်(ပြန်/ဆက်)