ကျောက်ဆည်မြို့ အမှတ်(၆) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည် နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက်နေ့နံနက် ၉ နာရီက အမှတ်(၆)အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၆) အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်ပြင်ပဗဟုသုများရရှိရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ဟောပြောပွဲမှရရှိလာသည့် ဗဟုသုတများကို မှတ်သား၍ကြီးပြင်းလာသည့်အခါ ကောင်းစွာအသုံးချပြီး ထူးချွန်အောင်မြင်သူများဖြစ်အောင် ကြိုးစားသွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူများနှင့်ကျန်းမာရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းများဟောပြောခဲ့ပြီး  သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)