ညောင်ရွှေ နိုဝင်ဘာ ၂၈
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုကော်မတီမှ ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ငါးဖယ်ချောင်းကျေးရွာအုပ်စု လယ်သစ်ထက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်သိုက်တို့က ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကြပြီး တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ငွေများကို မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံနေအိမ်ပိုင်ရှင်သို့ တစ်ဦးချင်းစီ ထုတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)