သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာထားရှိမှုအား ပြည်သူများ လာရောက်ကြည့်ရှု

သန်လျင် နိုဝင်ဘာ ၂၈

သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာမှုကို နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများ လာရောက်ကြည့်ရှုမှုရှိကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုကြရန် ညစဥ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများပူးပေါင်း၍ ကြေညာလျက်ရှိပြီး အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာထားခြင်းကို နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် လျှောက်ထားခြင်း၊ အချက်အလက်များမှားယွင်းမှုရှိပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)