သာကေတမြို့နယ်တွင် ပြည်သူများ မဲစာရင်းမကျန်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

သာကေတ နိုဝင်ဘာ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ယနေ့နံနက်ပိုင်း (၉) နာရီက အမှတ် (၈) ရပ်ကွက်သို့ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းခြင်း ဆောင်ရွက်ခဲ့သည်။

ထို့သို့ကွင်းဆင်းရာတွင် သာကေတမြို့နယ် စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးညွန့်ဝင်းနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်း၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို လိုက်လံစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သဲထက်ဇင်(ပြန်/ဆက်)