ပန်းဘဲတန်းမြို့နယ်၌ မဲစာရင်းမှန်ကန်စေရေးအတွက် (DOOR TO DOOR) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပန်းဘဲတန်း နိုဝင်ဘာ ၂၈

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မဲစာရင်းမှန်ကန်စေရေးအတွက် (DOOR TO DOOR) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပန်းဘဲတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယအကြိမ် ကပ်ထားသည့်မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သင့်သူများ ပါဝင်စေရေး၊ မပါဝင်သင့်သူများ မပါရှိစေနှင့် မဲစာရင်းမှန်ကန်စေရေးအတွက် (DOOR TO DOOR) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်မည်ဖြစ်သောကြောင့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ရက်အလိုက်၊ ရပ်ကွက်အလိုက်၊ (DOOR TO DOOR) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမည့် အခြေအနေများ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ပန်းဘဲတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ပန်းဘဲတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းလင်းအောင်၊ ပန်းဘဲတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမင်း၊ အတွင်းရေးမှူး ဒေါ်ငုဝါစိုး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)