မဟာအောင်မြေမြို့နယ်အတွင်းရှိ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား လာရောက်ကြည့်ရှု

‎‎မဟာအောင်မြေ နိုဝင်ဘာ ၂၈

‎‎မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းပါရှိရေး ဒုတိယအကြိမ် မဲစာရင်းကပ်ထား‌ကြေညာထားသည့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ နေ့စဉ်လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

‎‎အဆိုပါ မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မိမိတို့မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ လာရောက်ကြည့်ရှုနေမှုများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ဆွေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ပြီး မဲပေးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း