မဲရုံများ စနစ်တကျရှိစေရေး မဲစာရင်း မှန်ကန်မှုရှိစေရေး အစည်းအဝေးကျင်းပ

ချမ်းမြသာစည် နိုဝင်ဘာ ၂၈

 ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်ရှိ မဲရုံးများ စနစ်တကျရှိစေရေး၊ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံစောင့်များလုံခြုံစွာ ဆောင်ရွက်နိုင်ရေး၊ မဲစာရင်းမှန်ကန်မှုရှိစေရန် စနစ်တကျမဲပေးနိုင်ရေး စသည့်အကြောင်းအရာများကို ပြောကြားခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူများအားလုံးမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များကို ပြန်လည်စိစစ်၍ မှန်ကန်မှု ရှိ/မရှိ မရရှိသေးသောသူများကိုလည်း ပန်းခင်းစီမံချက်ဖြင့် ပြန်လည်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းက ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမေးမြန်းမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦးက ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)