ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၃၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော

ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၈

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၃၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။   

အဆိုပါ ဟောပြောပွဲတွင် ပွင့်လင်းရာသီသို့‌‌ရောက်ရှိ လာပြီဖြစ်ပါသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေဆယ်ဦး၊ တံခွန်တိုင်ရပ်ကွက်၊ အမှတ် (၃၂) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ ပူးပေါင်းကာ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲအား ကျင်းပြုလုပ်ခဲ့ပြီး မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)