ကမာရွတ်မြို့နယ်တွင် (Book Club) နှင့် စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကမာရွတ် စာပေချစ်မြတ်နိုးသူ များအသင်း (BookClub) အဖွဲ့တို့ ပူးပေါင်းပြီး စာရေးဆရာမောင်သာ၏စာပေဗိမာန်စာမူဆုရ၏ “ကုန်းဘောင်နှင့်ကိုလိုနီခေတ် လက်ရာထင်ရှားသော သစ်သားအဆောက်အအုံများ” စာအုပ်ဖြင့်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ထို့နောက် စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဒေါစိမ်းလဲ့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခြင်း မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဆရာ ဦးကိုကိုကြီး၊ စာရေးဆရာ တက္ကသိုလ်ဟန်မင်းဦးတို့က အသီးသီး အမှာစကားပြောကြားပြီး စာရေးဆရာမကြီးအိမ့်ချစ်မေမှ မုတိတာစကား ပြောကြားကာ စာရေးဆရာ မောင်သာအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။

ထို့နောက် စာရေးဆရာမောင်သာရေးသားသည့် “ကုန်းဘောင်နှင့်ကိုလိုနီခေတ်လက်ရာ ထင်ရှားသောသစ်သားအဆောက်အအုံများ စာအုပ်ပါအကြောင်းအရာများ”ကို ဆရာမောင်သာမှ ရှင်းလင်းဆွေးပေးပြီး စာပေဝါသနာရှင်များမှ သိလိုသည့်အချက်အလက်များကို မေးမြန်းကြရာ ဆရာ မောင်သာမှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားများကို ကမာရွတ်စာပေချစ်မြတ်နိုးသူများ (Book Club) စာရေးဆရာများနှင့် စာပေဝါသနာပညာရှင်များမှ လစဥ်အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)