ကြည့်မြင်တိုင် နိုဝင်ဘာ ၂၈
ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ဆေးဘက်ကျွမ်းကျင် ၄ (ဆေးလူမှု) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းသား/သူ ( ၅၈ )ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ၏ ဦးဆောင်မှုဖြင့် (၅-၅-၂၀၂၅)ရက်နေ့မှ (၂၈-၁၁-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံ (၂၂)ရုံမှ သင်တန်းသား/သူ (၅၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)