လသာမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

လသာ နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ ပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ ရပ်ကွက်အလိုက် မဲဆန္ဒရှင်စာရင်းများ (ဒုတိယအကြိမ်) ကပ်ထားကြေညာရာတွင် ကျန်ရှိမှုမရှိစေရေး ရွေးကောက်ပွဲကာလ နီးကပ်လာပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေး၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်သဖြင့် ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန် စသည်ဖြင့် ပြောကြားပြီးခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက မဲစာရင်းကျန်ရှိမှုမရှိစေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)