ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အတက်ရောဂါဆိုင်ရာသင်တန်း ဖွင့်လှစ်

ဒဂုံအရှေ့ နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက်ဖြင့် အတက်ရောဂါဆိုင်ရာသင်တန်းကို အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သင်ကြားခဲ့သည်။

ထိုသို့သင်ကြားရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်း (၂၄)ဦးအား အတက်ရောဂါနှင့်ပတ်သက်၍ ရှာဖွေဖော်ထုတ်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ ရှေးဦးသူနာပြုစုခြင်း၊ လွှဲပြောင်းကုသမှုခံယူစေခြင်း စသည်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)