လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေး တာ၀န်ရှိသူများမှ တစ်အိမ်တက်တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်း ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) နို၀င်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၂)ရပ်ကွက်နှင့် ရွှေလင်ပန်းကျေးရွာအတွင်း   သက်ဆိုင်ရာတာ၀န်ရှိသူများက အပိုင်းလိုက်ခွဲ၍ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်းတွင်ပါ၀င်သည့် အမည်စာရင်းနှင့် မဲစာရင်းတွင်ပါ၀င်သည့် အမည်စာရင်းမှန်၊ မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့(၂)မှ အဖွဲ့ခေါင်းဆောင်၊ အဖွဲ့၀င်များ၊   အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်နှင့် အဖွဲ့၀င်များ၊‌ ရွှေလင်ပန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့် အဖွဲ့၀င်တို့မှပူးပေါင်း၍ မဲစာရင်းကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်တစ်အိမ်ဆင်း၍ လိုက်လံကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)