လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အခွန်ထမ်းပြည်သူများအားအခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး

လှိုင်သာယာ(အနောက်)    နိုဝင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၏  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပဒေများအရလိုက်နာဆောင်ရွက် ရမည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ပြေစာအမှတ်တံဆိပ်ဆိုင်ရာသိမှတ်ဖွယ်ရာများ အခွန်ပညာပေးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀နာရီကမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ) ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များတက်ရောက်ကြ သည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်းက ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် မြို့နယ်အတွင်းရှိ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် ပြေစာအမှတ်တံဆိပ်ကပ် ရောင်းချခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးအရာရှိ ဦးရဲထွဋ်ကအခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့နယ်အခွန်ဦးစီးဌာနဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က ပြေစာများအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လုပ်ငန်းရှင်ပြည်သူများက သိရှိလိုသည်များကိုမေးမြန်းခြင်းအပေါ် အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်းက ပြန်လည်ဖြေကြားပေးသည်။ ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနမှထုတ်ဝေသည့် “ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာသိကောင်းစရာများ”လက်ကမ်းစာစောင်များကိုတက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် ပြန် /ဆက်