လမ်းမတော် နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ဦးဆောင်မှုဖြင့် ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် (၁၂)ရပ်ကွက်အတွင်းရှိ ဆေးတက္ကသိုလ် (၁)တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေးဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ လမ်းမတော်မြို့နယ်ရှိ အမှတ် (၁၂)ရပ်ကွက်အတွင်းရှိ ဆေးတက္ကသိုလ် (၁) ကျောင်းဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် ဆေးတက္ကသိုလ် (၁) မှ ဌာနမှူးအား အဘိတ်ဆေးပုံး၊ Bleaching Powder များ၊ ရေသန့်ဆေးပြား(4800) tabs များအား ပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)