အင်းစိန် နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူ ဒေါ်မေသန္တာက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် လူငယ်စကားဝိုင်း၊ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဟောပြောခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးစာကြည့်တိုက်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏိ)က ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များလှူဒါန်းပြီး လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ဆွေးနွေးဟောပြောခဲ့သည်။
ဟောပြောပွဲပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာနှင့် အ-ထ-က-(၃)မှ ဆရာမ ဒေါ်အေးမြဖြူတို့က ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား/သူ (၆)ဦးက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများတွင် ကျပန်း၊ ကဗျာ၊ ပုံပြင်ပြော၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပြီး အ-ထ-က-(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစီစီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး စကားပုံဆက်၊ ခါးလှည့်၊ ပူဖောင်းဖောက်၊ ဘယ်ခြေညာလက်၊ ခွက်ဆင့်ဂိမ်းများ ပျော်ရွင်စွာ ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)