ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အိုမန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ရန်ကုန် နိုဝင်ဘာ

မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အိုမန်လက်ရွေးစင် ယူ-၁၇ အမျိုးသား အသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ်ကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ထိုသို့ မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အိုမန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘောလုံးချစ်ပရိသတ်များက ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန်တွင်  မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းက ()ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အနိုင်ရရှိခဲ့သည် မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းသည် ၂၀၂၆ ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ် အုပ်စု (G)တွင် အာဖဂန်နစ္စတန်၊ နီပေါ၊ အိုမန်နှင့် ဆီးရီးယားအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ()ပွဲကစားအပြီး ရမှတ်()မှတ်ရရှိကာ ကျန်ပွဲစဉ်အဖြစ်  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ဆီးရီးယားအသင်းဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)