စမ်းချောင်း နို၀င်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့နယ်တွင် ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးတို့အတွက် နို၀င်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ၌ စမ်းချောင်းမြို့နယ် ရပ်ကွက်(၁၈) ရပ်ကွက်အတွင်း သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်မြေပြင်ကွင်းဆင်း ကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များပူးပေါင်း၍ မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါ က ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင် သွင်းခြင်းများ ကိုတစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်မဲစာရင်း စိစစ်ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)