မြစ်သားမြို့နယ်တွင် (၇၆)ကြိမ်မြောက်(၃၈) ဖြာ မင်္ဂလာတရား‌တော်နှင့်ဗုဒ္ဓဝင်စာမေးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲကျင်းပ

မြစ်သား  နိုဝင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်‌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ် များဘာသာတရားကိုကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာသူ များစွာပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်မြို့၊ ဝိုင်အမ်ဘီအေဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို)ကကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရား‌တော်နှင့်ဗုဒ္ဓဝင်စာမေးးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲများကို နိုဝင်ဘာ ၂၈ ရက်မွန်းလွဲ ၁ နာရီက ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ ဝေယံဘုမ်မြင့်ဓမ္မာရုံ၌ ကျင်းပ‌ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာတွင် မြစ်သားမြို့နယ် ဗုဒ္ဓဘာသာက လျာဏယုဝအသင်းသြဝါဒစရိယ ဆရာ‌‌တော်မင်းကုန်းဆရာတော် ဦးကေလာသကဦးဆောင်၍၊ အသင်းနာယကကြီးများ၊ အလုပ်အမှုဆောင်နာယကများ၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ စာမေးပွဲ ကျင်းပရေးကော်မတီဝင်များနှင့်  အလှူရှင်များတို့က ပံ့ပိုးကူညီဆောင်ရွက်‌ခဲ့  ကြောင်းသိရသည်။

 (၇၆)ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာနှင့်တရား‌တော်နှင့် ဗုဒ္ဓဝင်စာမေးးပွဲပထမအဆင့်နှင့် ဒုတိယ အဆင့်စာမေးပွဲတွင် မြို့ပေါ်၊ကျေးရွာများရှိ စာသင်ကျောင်းများမှ ပထမအဆင့်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၂၉၆)ဦးနှင့် ဒုတိယအဆင့်စာမေးပွဲဖြေဆိုသူ‌ ကျောင်းသား၊ ကျောင်းသူ (၅၂)တို့ ဝင်ရာက်‌ဖြေဆိုကြကြောင်း သိရသည်

ဝါဝါမြင့်(မြစ်သား)