ကျောက်ဆည် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ရေတိုက်စားသွားသည့် ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းပိင်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် Watreboundဖြင့် ယာယီပြုပြင်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့သွားပြီဖြစ်ကြောင်း သိရသည်။
Watrebound လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခန့်မှန်းခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) ၅၄ ဒဿမ ၃၇၀ ကျပ်သန်းဖြင့် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်း၏ ၁၁ ကီလိုမီတာနှင့် ၁၁.၉၂ ကီလိုမီတာအတွင်းရှိ အရှည် ၀.၅၂ ကီလိုမီတာဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်းရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။
အဆိုပါ ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းသည် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့အား ဆက်သွယ်ထားသော အတိုဆုံးလမ်းဖြစ်ကြောင်းနှင့် ဒေသတွင်းပြည်သူများ၏ တောင်သူထွက်ကုန်များ ရောင်းချခြင်း၊ လူသုံးကုန်ပစ္စည်းများဝယ်ယူခြင်းများအပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားလုပ်ငန်းများ ဆောင်ရွက်ရာ၌များစွာ အားထားအသုံးပြုရသည့် လမ်းဖြစ်ကြောင်း သိရသည်။
သက်မောင်၊(ကျောက်ဆည်)