တောင်သာမြို့နယ်၌ မြို့ပေါ်(၆)ရပ်ကွက်တွင် Door to Doorဖြင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးကွင်းဆင်းဆောင်ရွက်

တောင်သာ နိုဝင်ဘာ ၂၉

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း၊ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြို့ပေါ်(၆)ရပ်ကွက်တွင် Door to Door ဖြင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်နိုင်နှင့်တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်သာမြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူးများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တစ်အိမ် တက်တစ်အိမ်ဆင်း(Door to Door)ဖြင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး၊ ပုံစံ-၃၊ ပုံစံ-၃(က)၊ ပုံစံ-၄၊ ပုံစံ-၄(ဂ) များဖြင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှု များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်း များကို နိုဝင်ဘာ ၂၈ရက်မှ ဇန်နဝါရီ ၂ရက်အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)