ချမ်းမြသာစည် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သင့်သူများ မပါဝင်စေရေး၊ ပါဝင်သင့်သူများ ကျန်ရှိမှုမရှိစေရေး door to door အစီအစဉ်ဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက စတင်စာရင်းကောက်ယူခဲ့သည်။
အဆိုပါ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုအပေါ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်ဆွေဝင်းနှင့် အဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည်)