ပုဇွန်တောင် နိုဝင်ဘာ ၂၉
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီက အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဒုတိယအကြိမ် ကပ်ထားသည့်မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သင့်သူများပါဝင်စေရေး၊ မပါဝင်သင့်သူများမပါရှိစေရေးနှင့်မဲစာရင်းမှန်ကန်စေရေးအတွက် (DOOR TO DOOR) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်မည်ဖြစ်သောကြောင့် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးများက ရက်အလိုက်၊ ရပ်ကွက်အလိုက်၊ (DOOR TO DOOR) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမည့်အခြေအနေများ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်ရပ်ကျေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်