ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းမကျန်ရှိစေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၉

 ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့်ဆန္ဒမဲ‌ပေးပိုင်ခွင့်မဆုံးရှုံး‌စေရေးတို့အတွက် နိုဝင်ဘာ၂၈ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာများအတွင်းအဖွဲ့များခွဲ၍ သက်ဆိုင်ရာ တာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များပူးပေါင်း၍ အိမ်ထောင်စုလူဦးရေ စာရင်းတွင်ပါ၀င်သည့်အမည်စာရင်းနှင့် မဲစာရင်း၌ပါ၀င်သည့်အမည်စာရင်းမှန်မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို လိုက်လံစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါစစ်‌‌ဆေးပေးခြင်းကိုဒီဇင်ဘာ ၄ ရက်နေ့အထိ ဆောင်ရွက်‌သွားမည်ဖြစ်‌ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)