ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ဘွဲ့လွန် ပထမနှစ်ဝက်သင်တန်းသားများ အေးချမ်း‌ပျော်ရွှင်စွာ ဆက်လက်ပညာသင်ကြား

စဉ့်ကိုင် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တအုံကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ဘွဲ့လွန် ပထမနှစ်ဝက်သင်တန်းသားများကို နိုဝင်ဘာလ ၂၄ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရာ နိုဝင်ဘာလ ၂၉ ရက်‌နေ့တွင်လည်း အေးချမ်း‌ပျော်ရွှင်စွာ ဆက်လက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာတက္ကသိုလ် (မန္တ‌လေး)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ဝက် သင်တန်းသား ကျောင်းသား၊ ကျောင်းသူ (၁၃၄၀)ဦးအား ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းတင့်နှင့်  သက်ဆိုင်ရာဘာသာရပ်အလိုက် ဌာနမှူးများ၊ နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမများက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး ပထမနှစ်အတွက် သင်ကြားရမည့် ဘာသာရပ်သင်ခန်းစာများကို ဆက်လက်သင်ကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)