ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

ချမ်းအေးသာစံ နိုဝင်ဘာ ၂၉

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ နိုဝင်ဘာလ (၂၇)ရက်နေ့မှစတင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ ၄(ဂ) များဖြင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများ ဆောင်ရွက်ပေးခဲ့ကြပြီး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို နိုဝင်ဘာလ (၂၇)ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)