အမရပူရမြို့နယ်၌ ဧရာမင်း မိုးစပါး စံကွက်ရိတ်သိမ်း တစ်ဧက အစိုအထွက်တင်း ၁၁၅ ဒသမ၈၅ တင်းထွက်ရှိ

အမရပူရ  နိုဝင်ဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိ တောင်သူဦးစိုးနိုင်၏ ကွင်းအမှတ် ၅၇၀ (င)၊ ဦးပိုင်အမှတ် ၆၈/၂ ဂျိုကုန်းကွင်းရှိ ဧရာမင်း  မိုးစပါး စိုက်ဧက ၂ ဒသမ၄၉ ဧကကို  နိုဝင်ဘာ ၂၉ နံနက်နေ့ ၈ နာရီခွဲက အမရပူရမြို့နယ် မြေစာရင်းဦးစီးဌာနကဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ကိုကို၊ အမရပူရခရိုင် စိုက်ပျိုးရေးကြီးကြပ်ကော်မတီဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသောတောင်သူများ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် တောင်သူများကို မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူး ဦးဆယ်တင်က ဧရာမင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ယခုရိတ်သိမ်းသော မိုးစံပါး စံကွက်တွင်​ကောင်းကိုယ်စားပြုတစ် ဧကအစိုတင်း ၁၁၅ဒသမ၈၅ တင်းထွက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)