ကမာရွတ်မြို့နယ် ဦးသန့် နေအိမ်ပြတိုက်အား သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန် နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦးနှင့် ခြံဝန်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်းစီမံမှုဖြင့် အမှတ် (၁၀)ရပ်ကွက်၊ ဦးသန့်လမ်းရှိ ဦးသန့်နေအိမ်ပြတိုက်တွင် စနေနေ့က အထူးသန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ အထူးသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်ရုံးဝန်ထမ်းများ၊ ရေစီးရေလာမှ ဝန်ထမ်းများ၊ ပတ်ဝန်းသန့်ရှင့်ရေးမှ ဝန်ထမ်းများ၊ ပန်းဥယျာဉ်မှ ဝန်ထမ်းများနှင့် စည်ပင်ကျန်းမာဝန်ထမ်းများ စုစုပေါင်းအင်အား (၅၂)ဦးဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး၊ ဦးသန့်နေအိမ်ပြတိုက် အဝင်လမ်းမြက်ခြုံရှင်းလင်းခြင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင် ပေးအပ်ဆောင်ရွက်ခဲ့ရာ အဆိုပါ အထူးသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စည်ပင်သာယာရေးမှူး လာရောက်၍ကြည်ရူ့စစ်ဆေးခဲ့ကြောင်း သိရပါသည်။

စိမ်းလဲ့(ပြန်ဆက်)