ကျောက်ဆည်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောက်ဆည် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂)နာရီက အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းစာအပြင် ပြင်ပဗဟုသုများရရှိရေး၊ ထူးချွန်သူများဖြစ်လာစေရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးအကြောင်းများ ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက “စာအုပ်စာပေ လူ့မိတ်ဆွေ”၊ “အလိမ္မာစာမှာရှိ”၊ “ပညာရဲရင့်ပွဲလယ်တင့်” စသည့်ခေါင်းစဉ်များဖြင့်   စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ဟောပြောခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)