မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီမှ ၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အေရိုးဗစ်)ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးအားကစား ဆပ်ကော်မတီမှ ၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အေရိုးဗစ်)ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကို ယမန်နေ့က တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ရုံး၌ ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သောင်းစိုးက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အေရိုးဗစ်)ပြိုင်ပွဲတွင် ဆုရရှိသည့် နည်းပြများနှင့် ပြိုင်ပွဲဝင်အမျိုးသမီးများအား ‌မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီနာယက ဒေါ်မမက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး အေရိုဗစ်ပြိုင်ပွဲတွင် ဆုရရှိသည့် နည်းပြနှင့် တစ်ဦးချင်းပြိုင်ပွဲဝင် အမျိုးသမီးများအား ‌မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သောင်းစိုးနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီ နာယက ဒေါ်မမ၊ အမျိုးသမီးအားကစား ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သောင်းစိုးနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်နှင့် အားကစားမှူးများ တက်ရောက်ခဲ့ပြီး မန္တလေးခရိုင် အားကစားမှူး ဒေါ်ဖူးဝေသိန်းက ဆုရရှိမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေတိုး(၀၅၆)