မြစ်သား နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ရက်နံနက် (၁၀) နာရီခွဲက ကျီတော်ကုန်း အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်မိုးလွင်က သစ်တောသစ်ပင်များမှရရှိသည့် အကျိုးကျေးဇူးနှင့်အသုံးဝင်ပုံများ၊ သစ်တောများပြုန်းတီး ရခြင်းကြောင့် ခံစားရမည့်ဆိုးကျိုးများ၊ သစ်တော၊ သစ်ပင်များထိမ်းသိမ်းရေးနှင့် သစ်တောများ မီးလောင်မှုမရှိအောင်ကာကွယ်ရန်နှင့်မီးရှို့ခြင်းများမပြုလုပ်ကြစေရန်ဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာဗဟုသုတများနှင့်ကျောင်းဝင်းအတွင်း မိမိပတ်ဝန်းကျင်ရှိနေရာများအားသစ်ပင်များ စိုက်ပျိုးပြုစုထိန်း သိမ်းခြင်းများပူးပေါင်းဆောင်ရွက်သွားရန် ရှင်းလင်းဟောပြောသည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရူလေ့လာခဲ့ကြောင်းသိရသည်။
ဝါဝါမြင့် (မြစ်သား)