အမရပူရ နိုဝင်ဘာ ၂၉
အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ မှန်တန်း၊ ဈေးချို၊ လေးစု၊ အိုးတော်၊ တောင်ကြီး၊ ကျန်တန်း၊ ဆင်စွယ်ပွတ်၊ ရွှေဂွမ်းထုပ်၊ ငယ်တိုး စသည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ တစ်အိမ်တက်ဆင်း (Door to Door ) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တစ်အိမ်တက်ဆင်း (Door to Door ) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး အမရပူခရိုင်ဦးစီးမှူး ဦးမျိုးခိုင်၊ အမရပူရမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများမှ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးမှ ပြည်သူများနှင့်အဆင်ပြေချောမွေ့စွာ လုပ်ငန်းများ အောင်မြင်စွာလုပ်ဆောင်နိုင်ရေး၊ မကြာခင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲစာရင်းများကျန်ရှိမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး၊ မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏ နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် မဲပေးကြရေးတို့အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ အချက်အလက်များ တိုက်ဆိုင်စိစစ်ခြင်း၊ လိုက်လံရှင်းပြခြင်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ပြုလုပ်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(ပြန်/ဆက်)