ဒဂုံအရှေ့ နိုဝင်ဘာ ၃၀
ရန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာဆရာ၊ ဆရာမများအတွက် သာတူညီမျှမှုကို အခြေခံသော ဆရာ့အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး(ဆင့်ပွား)ဆွေးနွေးပွဲကို အမှတ်(၆)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်အောင်လင်း ဦးဆောင်၍ နည်းပြ(၃)ဦးတို့က ဆရာ၊ ဆရာမ (၃၁)ဦးတို့အား နောက်ခံအခြေအနေ၊ ရည်ရွယ်ချက် နှင့်နယ်ပယ်၊ ပညာရေးပြုပြင်ပြောင်းလဲမှုများ၊ ပညာသင်ယူမှုအခွင့်အလမ်း၊ အခြေခံပညာသင်ရိုးညွှန်းတမ်း၊ ဆရာအတတ်ပညာနှင့်စီမံခန့်ခွဲမှု၊ ဆရာ့အတတ်ပညာဆိုင်ရာအခြေခံမူများစသည့် သင်ခန်းစာများကို (၂)ရက်ကြာ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ