ဒဂုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိ

ဒဂုံ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က စတင်၍ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲများဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အားလုံး မဲစာရင်း၌ ပါဝင်စေရေး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် Door To Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကိုဖွဲ့စည်းကာ တတိယနေ့အဖြစ် နေခြင်းဆက်လက်စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို အဖွဲ့ ၂၀ ဖွဲ့စည်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်များသို့ လှည့်လယ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ကျော်သူဟိန်း (ပြန်ဆက်)