ကျောက်တန်း နိုင်၀င်ဘာ ၃၀
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ DMA မှ ဦးစီးပြုလုပ်သည့် Joint Exercise 19 ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက Briighter Energy Terminal Thilawa တွင် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လေ့ကျင့်ပြုလုပ်ဆောင်ရွက်ခြင်းကို DMA ညွှန်ကြားရေးမှူး ဦးမိုးကျော်နှင့်အဖွဲ့၀င်များ၊ ကျောက်တန်းမြို့နယ် ရေကြောင်းရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့မှူး ဦးစီးသောအဖွဲ့ဝင်များ၊ ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ Brighter Energy မှ ဝန်ထမ်းများနှင့်လုံခြုံရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)