ကျောက်တန်း နို၀င်ဘာ ၃၀
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံဆရာ/မ များအတွက်သာတူညီမျှကို အခြေခံသောဆရာအတတ်ပညာ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း (သော်က ) သောကရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်ကြသည့် ဆရာ၊ ဆရာမများမှ ၀ိုင်း၀န်းဆွေးခဲ့ကြသည်၊၊
အဆိုပါဆွေးနွေးပွဲသို့ ကျောက်တန်းမြို့နယ် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ (၁၂၄) ဦး တက်ရောက်ဆွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ၂၉-၁၁-၂၀၂၅ ရက်မှ ၃၀-၁၁-၂၀၂၅ ရက်နေ့အထိ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)