မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး door to door ကွင်းဆင်းကြည့်ရှုစစ်ဆေး

ညောင်ဦး ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများသည်  ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် မြင်းကပါကျေးရွာသို့ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီက ပြည်သူများ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် ကွင်းဆင်းစစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ ညောင်ဦးခရိုင်အတွင်း မဲစာရင်းများ ပြုစုဆောင်ရွက်ထားရှိမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး၊ မွန်းလွဲ ၁ နာရီအချိန်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင်စာရင်းများအား မှန်ကန်စွာပြုစုနိုင်ရေး မဲစာရင်းတွင်ပါဝင်နိုင်ရေး မဲစာရင်းအတိုး/အလျော့များ၊ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကျန်ရှိမှု မရှိစေရေး၊ စာရင်းကွာဟမှုမရှိစေရေးတို့အား ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မဲစာရင်း ပြည့်စုံမှန်ကန်ရေး စိစစ်ရေးအဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူပြုစုနေမှု များကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။                             

ဒီပါလင်း