မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်

မြစ်သား  ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၂၉ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရန် မဲစာရင်း တွင်ပါသင့်သူများ မကျန်ရှိစေရေး အသက်(၁၈)နှစ်ပြည့်နှင့်အထက် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများတွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်သားမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း မဲစာရင်းတိုက် ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါရပ်ကွက်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)