ကျောက်တန်း ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း မီးလန့်မှု မီးလောင်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအနေဖြင့် တစ်အိမ်တက်ဆင်း အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အရှေ့ပိုင်းရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်စခန်းမှူး ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုးဦးဆောင်၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်လွင်ဦးဆောင်သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲများနှင့် ရပ်မိ/ရပ်ဖများ ပူးပေါင်းအဖွဲ့များဖြင့်အတူ အရှေ့ပိုင်းရပ်ကွက်အတွင်းရှိ နေအိမ်များကို တစ်အိမ်တက်ဆင်းလိုက်လံ၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး မီးလောင်မီးလန့်မှုများ ဖြစ်ပွားလာပါက အရေးပေါ်မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်၊၊
နေလင်းကျော် (ပြန်/ဆက်)